MNP - မတ် ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အဋ္ဌမတန်း(Grade-9) ကျောင်းသား/ သူများ၏နှစ်ဆုံးစာမေးပွဲကို ဖေ ဖော်ဝါရီ ၂၂ ရက်ကစတင်၍ သက် ဆိုင်ရာစာစစ်ဌာနအလိုက်ကျင်းပခဲ့ရာ ယနေ့နံနက် ၁၁ နာရီချိန်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်း(၁၁၈)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း(၁၁၉)ကျောင်းရှိပြီး ပြည်နယ်စစ်အဋ္ဌမတန်း (Grade-9)ကျောင်းသား/သူများအတွက် စာစစ်ဌာန (၂၃)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ၁ရက်နေ့ထိမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ပထဝီ၊သမိုင်း၊အထွေထွေသိပ္ပံဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီထိကျင်းပဖြေဆိုခဲ့ကြရာကျောင်းသား/သူစုစုပေါင်း(၆၉၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါစာမေးပွဲကို ကျောင်းသား၊ကျောင်း သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျ ဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost


No comments:
Post a Comment