မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 အတန်း၏ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 အတန်း၏ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး

 



MNP  -   မတ် ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အတန်း၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်၍  အခြေခံပညာကျောင်းများအလိုက်  ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁ ရက်တွင်  အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 တွင် ဖြေဆိုသူ ကျား (၈၃၁)ဦး၊ မ (၁၀၄၈)ဦး စုစုပေါင်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၈၇၉)ဦး ရှိပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ (၁)ရက်နေ့အထိ ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဝင်းအိဇွန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)