အခြေခံပညာအလယ်တန်း (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာအလယ်တန်း (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးပွဲကျင်းပ



MNP   -   မတ်   ၂

ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်​နောင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်း(Grade-9) ပြီးမြောက် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(ရွာတော်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဇေယျာသီရီ ခရိုင်ပညာရေးမှူး ဦးရဲသူရတင်စိုးက အခြေခံပညာအလယ်တန်း (Grade-9) ပြီးမြောက် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ပညာရေး အခွင့်အလမ်းတစ်ရပ်အနေဖြင့် တက်ရောက်သင်ကြားနိုင်ကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၁) ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းပေါင်း (၅၁)ကျောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။


 အဆိုပါ ဟောပြောပွဲသို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ရွာတော်)မှ ဆရာ၊ ဆရာမများ၊  Grade -9၊ ကျောင်းသား၊ ကျောင်းသူများ၊ ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်း ကျောင်းမှ Grade-9 ကျောင်းသား/ ကျောင်းသူ များ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)