ပူတာအိုခရိုင်၌ ဖိနပ်ချုပ်သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်၌ ဖိနပ်ချုပ်သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၀

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာနှင့် အသိပညာများ တိုးပွားစေရန်နှင့် သင်တန်းမှရရှိသည့် အတတ်ပညာနှင့် အသိပညာတို့ဖြင့် လူငယ်များ လူမှုဘဝနယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ် သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက သင်တန်း ဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်အိအိသင်းက ဖိနပ်ချုပ်သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် အစီအစဉ်များနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြ ဆရာမ ဒေါ်ဝင်းလဲ့လဲ့ထွန်းက အခြေခံအင်္ဂလိပ်စာ Grammar သင်ခန်းစာပို့ချမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာမနှစ်ဦးတို့က ပူတာအိုမြို့နယ် အတွင်းရှိ လူငယ်သင်တန်းသား/သူ စုစုပေါင်း(၂၅)ဦးတို့အား အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ်(၂၀)ရက်မှ ဧပြီ(၇)ရက်နေ့အထိ နေ့စဉ် မွန်းလွဲ (၁)နာရီမှ မွန်းလွဲ(၂)နာရီခွဲအထိလည်းကောင်း၊ ဖိနပ်ချုပ်သင်တန်းကို မတ်(၂၀)ရက်မှ (၃၀)ရက်နေ့ အထိ နေ့စဉ် နံနက်(၁၀)နာရီမှ နေ့လယ်(၁၂)နာရီအထိလည်းကောင်း စာတွေ့လက်တွေ့ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)