နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ






MNP ၊ မတ်  ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေ ပညာရှင်များ ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ သင်ကြားပေးမည့် အခြေ အနေများနှင့် ရုရှားနိုင်ငံမှ ဥပဒေရေးရာကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် ဥပဒေ နှင့်ပတ်သက်၍ လာရောက်သင်ကြားပေးမည့် အခြေအနေများ၊ စစ်ဘက်ဥပဒေများ သင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သင်တန်းသားများစေလွှတ်သွားမည့် အခြေ အနေများ၊ မြန်မာနိုင်ငံတွင် ရုရှားဘာသာစကားသင်တန်းများ ဖွင့်လှစ်လျက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် မြန်မာဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု အခြေ အနေများနှင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင် ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolai LISTOPADOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)