KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ့်ဒေသအတွင်းမှ အမြန်ဆုံး ဆုတ်ခွာရန် ပအိုဝ်းပြည်သူများ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ့်ဒေသအတွင်းမှ အမြန်ဆုံး ဆုတ်ခွာရန် ပအိုဝ်းပြည်သူများ တောင်းဆို

 ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာရှိ သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုမှာ မြန်မာ့တပ်မတော်လည်းမဟုတ်ဘူး၊ PNA လည်းမဟုတ်ဘူး၊ KNDF/PDF အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည့်အပေါ် ကန့်ကွက်ရှုံချကြောင်း ဆရာတော်ဘဒ္ဒန္တရာဇဂုရု မိန့်ကြား

KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ့်ဒေသအတွင်းမှ အမြန်ဆုံး ဆုတ်ခွာရန် ပအိုဝ်းပြည်သူများ တောင်းဆို













MNP ၊ မတ် ၁၅

ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ အားကစားကွင်းမှာ ပအိုဝ်းတိုင်းရင်းသားပြည်သူများ စုဝေးပြီး ပင်လောင်းမြို့နယ်၊ နန့်နှိမ်ကျေးရွာ အတွင်း KNDF နှင့် PDF အကြမ်းဖက်အဖွဲ့များက ဝင်ရောက်ပြီး ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စခန်းသဖွယ် အသုံးပြု ကျောင်းထိုင်းဆရာတော်ပါ သံဃာတော်(၃)ပါးနှင့် ပအိုဝ်းဒေသခံ ပြည်သူပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ ဒေသခံ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ ပင်လောင်းမြို့နယ်၊ လွယ်အိုင်းကျေးရွာရှိ လွယ်အိုင်းဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇဂုရု က "Facebook ပေါ်တင်တာက ချီးတုံးကြီး၊ စစ်တပ်ကမီးရှို့တယ်ဆိုပြီး ဖွကြတယ်၊ အမှန်က အကြမ်းဖက်သမားတွေရှို့တာ၊ ကျုပ်ကိုတိုင်မျက်မြင်ပဲ၊ Facebook ပေါ်မှာ ပအိုဝ့်လူမျိုးက PDFအကြမ်းဖက်သမားတွေနဲ့ မပူးပေါင်းဘူးဆိုပြီးဖွနကြတယ်။ တို့တွေက အကြမ်းဖက်သမားတွေနဲ့ ဘယ်တော့မှ မပူးပေါင်းဘူး၊ KNDF/PDF အဖွဲ့များမှ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာရှိ သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုမှာ မြန်မာ့တပ်မတော်လည်းမဟုတ်ဘူး၊ PNA လည်းမဟုတ်ဘူး အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည့်အတွက် အပေါ်ကန့်ကွက်ရှုံချတယ်" ဟု ထည့်သွင်းမိန့်ကြားသွားသည်။


KNDF နှင့် PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကန့်ကွက်ပွဲကို ဒေသခံပအိုဝ်းတိုင်းရင်းသားပြည်သူ (၂၅၀၀၀) ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှာ ပအိုဝ်းဆရာတော်များနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပင်လောင်းမြို့နယ်၊ နန်းနှိမ့်ကျေးရွာမှာ ဖြစ်ပေါ်ခဲ့တဲ့ KNDF နှင့် PDF အကြမ်းဖက်အဖွဲ့များက ပအိုဝ်းဒေသအတွင်း ဝင်ရောက်ပြီး သံဃာတော်များနှင့် ပအိုဝ်းဒေသခံများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ ရှင်းလင်းပြောကြားပြီး၊ မီဒီယာတချို့က လုပ်တဲ့အဖွဲ့အစည်းကို မှန်မှန်ကန်ကန် မဖော်ပြဘဲ မလုပ်တဲ့အဖွဲ့အစည်းကို စွပ်စွဲပြောဆိုနေမှုတွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းရှင်းလင်းပြောဆိုခဲ့ကြသည်။


အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ပအိုဝ်းအလံတော်အား အလေးပြုပြီး ဆရာတော်(၃)ပါးက သြဝါဒမိန့်ကြားရာ -

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ အေးစေတီကျောင်းတိုက်မှတိုက် အုပ်ဆရာတော် ဘဒ္ဒန္တ သုဇန က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းလောင်းမြို့နယ်၌ အကြမ်း ဖက်သမားများက လူမျိူးရေး ဘာသာရေးကို ရည် ရွယ်ချက်ရှိရှိ အကြမ်း ဖက်ခြင်းဖြစ်သည့်အတွက် ပအိုဝ်းလူမျိုး အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အကြမ်းဖက်မှုအား ပြန်လည်တုန့်ပြန်ရန်လိုအပ်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ အဖြစ်မျိုးထပ်မံဖြစ်ပွားခြင်းမရှိစေရေးအတွက် သတိရှိရန် လိုအပ်ကြောင်း၊ PDF အုကမ်းဖက် အထွဲ့များသည် ဘာသာမဲ့ ကွန်မြူနစ်အယူဝါဒကို လက်ကိုင်ထားသည့် ပြည်ပနိုင်ငံ သြဇာခံများဖြစ်ကြောင်း၊ PDF အကြမ်းဖက်များသည် ရိုးသားသည့် ပအိုဝ်းလူမျိုးများကို အသုံးချခြင်းဖြစ်ကြောင်း၊ မိမိတို့ လူမျိုး အနေဖြင့် ငြိမ်နေ၍မရကြောင်း၊ သည်းခံခြင်းသည် တရားအတွက် ကောင်းသော်လည်း ယခုကိစ္စသည် လောကီရေးဖြစ်သည့်အတွက် မတရားမှုကို နည်းလမ်းပေါင်းစုံဖြင့် တုန့်ပြန်ရန်လိုအပ်ကြောင်း၊ အမျိုးဘာသာ/သာသနာနှင့် အချုပ်အခြာကို ထိပါးလာသည့်အတွက် ပြန်လည်နိုးကြားပြီး တတ်နိုင်သည့်ဘက်မှ တုန့်ပြန်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားသွားသည်။


ဆက်လက်၍ တောင်ကြီးမြို့နယ်၊ ပေါမူကျေးရွာရှိ ပေါမူဘုန်းတော်ကြီးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ အာနန္ဒာဝံသ က ပင်လောင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ငြိမ်နေလို့မရဘူး၊ နိုးကြွား/ထကြွဖို့လိုနေပြီ၊ ၂၀၁၉ ခုနှစ်က ကိုဗစ်ကပ်ဆိုးကြီးကြောင့် တစ်ရွာနှင့်တစ်ရွာ ဝင်ထွက်ဖို့တောင်မလွယ်ဘူး၊ အခုဒီကိစ္စကြီးအား လုံဝလက်မခံဘူး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီမှ သူကဦးဆောင်ပြီး ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ အောင်စုဝေစခန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အခြေခံစစ်သင်တန်းများပို့ချသင်ကြားပေးလျက်ရှိပြီး စိတ်အားထက်သန်သူဒေသခံများစစ်သင်တန်းတတ်ရောက်ကာ အကြမ်းဖက်အဖွဲ့များအား ပြန်လည်ခုခံကြရန်နှင့် ယခုဖြစ်စဉ်မှာ ဘာမှမဆိုင်တဲ့ ကျေးရွာသားတွေကိုသတ်ဖြတ်မှုအား လုံးဝလက်မခံကြောင်း၊ ဒေသခံများ၏ ပစ္စည်းဥစ္စာများ အတင်းဓမ္မာခိုးယူဖျက်စီးတာတွေလက်မခံကြောင်းနှင့် ကို့ကျေးရွာကိုကာကွယ်ကြဖို့ တိုက်တွန်းကြောင်း စသည်ဖြင့် ဩဝါဒစကားမိန့်ကြားခဲ့သည်။


ပင်လောင်းမြို့နယ်၊ လွယ်အိုင်းကျေးရွာရှိ လွယ်အိုင်းဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇဂုရု က "နေပူကနေပူပဲ၊ အကြမ်းဖက်သမားများက ရွာမှာမီးရှို့တုံးက ဓာတ်ဆီတွေနဲ့ရှို့တာ၊ ဒီပွဲကိုဒေသခံတွေ တတ်လာတာလည်းစရိတ်ကုန်တာပဲ၊ အဲ့အတွက် အဆိုပါ ဥူးဇင်းတို့ရွာတွေမီးရှို့တာကို လုံးဝလက်မခံဘူး၊ ဒို့ပြည်သူတွေ ကြက်ဖြစ်ချင်ကြတာလား၊ ကြက်ဖြစ်ချင်ရင်သူများက သတ်ချင်တိုင်းသတ်လို့ရတယ်။ အဲ့အတွက် လုံးဝလက်မခံနဲ့ အကြမ်းဖက်သမားတွေ ရဟန်းသံဃာကိုသတ်တာ ငရဲကျမယ်၊ ဒို့ပအိုဝ်းလူမျိုးတွေလည်း လုံးဝလက်မခံကြနဲ့။ ဘုရားတရားမရှိရင် ဒို့ရဲ့ မြန်မာနိုင်ငံတော်ကြီးလည်းပျက်စီးမယ်။ တစ်ချို့လူငယ်တွေက ဘုရားမသိ၊ တရားမသိတွေနဲ့ အဲ့လိုမျိုးလူတွေကို လူ့ပြည်မှာ မထားသင့်ဘူး ချီးကျွင်းမှာသွားနေခိုင်းမယ်။ ယခုအခါ အကြမ်းဖက်သမားများက နယ်မြေကျူးကျော်လာပြီး ရွာမှာ မီးတွေလိုက်ရှို့ ဖျက်စီးနေကြတယ်၊ အဲ့လိုတွေ သူတို့လုပ်ခဲ့တဲ့အတွက် ဥူးဇင်းတို့နဲ့ဒေသခံတွေက ပြန်ပြီးတုံ့ပြန်ရမယ်၊ လူ့လော ကဖြစ်လာပြီဆို စားဝတ်နေရေးအဓိကလုပ်ရမယ်၊ လူဆိုတာ အဝတ်စားရှိမှ အရှက်တရားရှိမှာ၊ အခုက PDFက လက်ဦးသွားရင် ပအိုဝ်းလူမျိုးတွေ ပြားပြားဝပ်သွားမယ် အဲ့ကြောင့်ကျုပ်တို့ တုံ့ပြန်ရမယ်၊ အခုဆို ကျုပ်တို့ရွာတွေကို ကျူးကျော်တယ် ရွာရှိ အိမ်များရဲ့ပစ္စည်းဥစ္စာတွေကိုအကုန်ယူသွားတယ်၊ တို့ရွာသူ/သားတွေအိမ်ပြန်သွားရင် ဘာမှမရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ၊ ပအိုဝ့်က ဒီထက်ပိုပြီး စည်းလုံးမှုလိုချင်တယ်၊ အခုဖြစ်တဲ့ ပင်းလောင်းက ရွာ(၃)ရွာက ပိုခံရတယ်၊ အခု Facebook ပေါ်တင်တာက ချီးတုံးကြီး၊ စစ်တပ်ကမီးရှို့တယ်ဆိုပြီး ဖွကြတယ်၊ အမှန်က အကြမ်းဖက်သမားတွေရှို့တာ ကျုပ်ကိုတိုင်မျက်မြင်ပဲ၊ အခုဆောင်းပြောင်းတောင်ဘက်အခြမ်းတွေကို KNDF/PDF များကတောင်းနေပြီ နောက်ပိုင်းကျုပ်တို့နယ်တွေ အကုန်ပါကုန်မယ်၊ အခုပြန်မခုခံရင်တော့ နောက်ဖြစ်လာမည့်ကိစ္စတွေစဉ်းစားသာကြည့်ကြတော့၊ ကျုပ်တို့ကအမှန်တိုင်းပဲလုပ်မယ်၊ အမှန်တရားက ဘယ်တော့မှမပျက်စီးဘူး၊ အခုက ဘာသာရေးတိုက်ပွဲမဟုတ်ဘူး အခုရဟန်း(၃)ပါးပျံလွန်တော်မူသွားပြီ။ အခုသေသွားကြတာ တို့ပအိုဝ့်လူမျိုးတွေကြည့်ပဲ၊ တစ်ချို့တွေဆို တူမီးသေနတ်လေးတွေနဲ့ပြန်ခုခံကြတယ် အောင်မြင်ကြတယ်၊ Facebook ပေါ်မှာ ပအိုဝ့်လူမျိုးက PDFအကြမ်းဖက်သမားတွေနဲ့ မပူးပေါင်းဘူးဆိုပြီးဖွနကြတယ် တို့တွေက အကြမ်းဖက်သမားတွေနဲ့ဘယ်တော့မှ မပူးပေါင်းဘူး၊ KNDF/PDF အဖွဲ့များမှ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာရှိ သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုမှာ မြန်မာ့တပ်မတော်လည်းမဟုတ်ဘူး၊ PNA လည်းမဟုတ်ဘူး အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည့်အတွက် အပေါ်ကန့်ကွက်ရှုံချကြောင်း တို့ပအိုဝ့်လူမျိုးတွေ ပြန်လည်ခုခံကြရန်နှင့် အခုဖြစ်စဉ်မှာ ဘာမှမဆိုင်တဲ့ ကျေးရွာသားတွေကို သတ်ဖြတ်မှုအား လုံးဝလက်မခံကြောင်း၊ ဒေသခံများ၏ ပစ္စည်းဥစ္စာများ အတင်းဓမ္မာခိုးယူဖျက်စီးတာတွေလက်မခံကြောင်းနှင့် ကို့ကျေးရွာကိုကာကွယ်ကြဖို့ တိုက်တွန်းကြောင်း" စသည်ဖြင့်မိန့်ကြားသွားခဲ့ခြင်း ဖြစ်သည်။


အခမ်းအနားကို တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားပြည်သူများ က  "ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှု (အလိုမရှိ)၊ အပြစ်မဲ့ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများသတ် ဖြတ်မှု (အလိုမရှိ)၊ သတင်းမှန်ဖုံး ကွယ်ရေးသား ဖော်ပြသော မီဒီယာများ (အလိုမရှိ)၊ လူမျိုးရေးမှိုင်းတိုက်နေသော ပြည် တွင်း၊ ပြည်ပအဖျက်သမားများ (အလိုမရှိ)၊ ပအိုဝ်းပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ အ တင်းအဓမ္မခိုးယူနေသော အကြမ်းဖက် သမားများ (အလိုမရှိ)၊ သာသနာ့အဆောက်အဦများ ပြည်သူလူထုနေအိမ်များမီးရှို့ဖျက်ဆီးမှုများ (အလိုမရှိ)၊ ကျေးရွာ နှင့် လူနေအိမ်များ ဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ (အလိုမရှိ)၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ့်ဒေသအတွင်းမှ အမြန်ဆုံး ဆုတ်ခွာရေး (ဒို့အရေး)၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းရေး (ဒို့အရေး) စသည့် ကြွေးကြော်သံများအား ကြွေးကြော်ပြီး KNDFနှင့် PDF အကြမ်းဖက်သမားများ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကန့်ကွက်ရှုတ်ချပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)