KNDF/PDF အကြမ်းဖက်အဖွဲ့တချို့ ပအိုဝ်းကျေးရွာများမှ ဆုတ်ခွါသွားပြီး နန်းနှိမ့်ကျေးရွာတွင် ရှိနေသေးကြောင်း ဆရာတော်ဘဒ္ဒန္တရာဇဂုရု မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNDF/PDF အကြမ်းဖက်အဖွဲ့တချို့ ပအိုဝ်းကျေးရွာများမှ ဆုတ်ခွါသွားပြီး နန်းနှိမ့်ကျေးရွာတွင် ရှိနေသေးကြောင်း ဆရာတော်ဘဒ္ဒန္တရာဇဂုရု မိန့်ကြား


MNP ၊ မတ် ၁၇

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်၍ ရဟန်းသံဃာတော်များနှင့် ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော KNDF/PDF အကြမ်းဖက်အဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍ ပင်လောင်းမြို့ခံ ဆရာတော်ဘဒ္ဒန္တရာဇဂုရု ထံ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းရာ ရွာတချို့ကနေ ဆုတ်ခွါသွားတာရှိမယ်၊ အကုန်လုံးတော့ မဟုတ်သေးဘူး ဟု ဆရာတော် က မိန့်ကြားသည်။

ဆရာတော်ဘဒ္ဒန္တရာဇဂုရု က " အခုလောလောဆယ်တော့ သူတို့နည်းနည်းလေး နောက်ဆုတ်လိုက်တယ်။ အကုန်တော့ မဟုတ်သေးဘူးထင်တယ်။ နောက်ဆုတ်တော့ နောက်ဆုတ်တယ်။ လုံးပြင် နဲ့ တောင်မဲသင်း ကနေ ဆုတ်သွားတယ်။ နန်းနှိမ့်ထဲမှာ ကျန်လိမ့်မယ်။ ရွာသူရွာသားတွေ ပြန်လို့ မရသေးပါဘူး။" ဟု မိန့်ကြားသည်။

KNDF/PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာခြင်းကြောင့် တိမ်းရှောင်လာရသည့် နန်းနှိမ့်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအား နောင်တရားအပါအဝင် နေရာတချို့တွင် လက်ခံစောင့်ရှောက်ပေးထားကြောင်း သိရသည်။


(KNDF/PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာခြင်းကြောင့် တိမ်းရှောင်နေရသည့် ပအိုဝ်းဒေသခံပြည်သူများအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ဆရာတော်ထံ မေးမြန်းထားပါသည်။ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်မည့် အဆက်အသွယ် ရရှိပါက ထပ်မံ ဖော်ပြပေးပါမည်။)


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)