မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ




MNP ၊ မတ်  ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က မိတ္ထီလာခရိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၁ ခုရှိသည့်အနက် လူဦးရေအများဆုံးရှိသည့် ခရိုင်ဖြစ်သည့်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်ခရီးစဉ်အတွင်း လမ်းညွှန်ခဲ့သည့် စက်မှုဇုန်ရှိလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လာရောက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာ သည့် မြို့မမြို့များနှင့် MSME လုပ်ငန်းရှင်များက တင်ပြသည့် မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည့် မိတ္ထီလာကန်ကြီးရေရှည် တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေး ကန်ပတ်လမ်းနေရာ၊ မိတ္ထီလာတောင်ကန်နှင့် မြောက်ကန် ရေကျော်ပြုလုပ်ထားသည့် နေရာများအား ခြံစည်းရိုးကာရံခြင်း၊ ယာဉ်အန္တရာယ်ဖြစ်ပေါ်ခြင်း မရှိစေရန် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး၊ ဓမ္မသုခရွှေစည်းခုံ စေတီတော်ကြီးအနီးတွင် ရေလောင်းအိမ်သာဆောင်ရွက်ပေးရေး၊ ရက်ကန်လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား တစ်နေရာတည်း စုစည်းရောင်းချနိုင်ရေး မြေနေရာချထားပေးရေး၊ MSME လုပ်ငန်းရှင်များ အဓိကအားထား၍ ဆောင်ရွက်ရသော လျှပ်စစ်မီးများပိုမိုရရှိရေး၊ တရားဝင်ရေသန့်လုပ်ငန်းများ ပေါ်ပေါက်လာစေရေးနှင့် ၎င်းလုပ်ငန်း ရေရှည်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရန် တင်ပြမှုအပေါ် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဖြည့်စွက်ဖြေကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မိတ္ထီလာခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဌာနအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)