၂၀၂၂-၂၀၂၃ ပညာသင်နှစ် Naypyitaw State Academy မှ ကျောင်းသား/ကျောင်းသူ ၁၁၁ ဦးအား ပေါက်ဖော်ပညာသင်ဆု ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Naypyitaw State Academy မှ ကျောင်းသား/ကျောင်းသူ ၁၁၁ ဦးအား ပေါက်ဖော်ပညာသင်ဆု ချီးမြှင့်


နေပြည်တော် မတ် ၁၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Naypyitaw State Academy မှ ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို ပေါက်ဖော်ပညာသင်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က Naypyitaw State Academy ၏ Functional Hall ၌ ကျင်းပသည်။


ဦးစွာ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် China Foundation for Rural Development (CFRD) မှ Country Director Ms. Lin Yuan တို့က အဖွင့်အမှာစကားပြောကြားပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ နုနုလွင်က ပေါက်ဖော်ပညာသင်ဆု ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပေါက်ဖော်ပညာသင်ဆုများကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ CFRD မှ Country Director Ms. Lin Yuan၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦး၊ CFRD မှ Program Manager Ms. Lu Tao၊ Naypyi-taw State Academy မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်နှင့် CFRD မှ Program Manager Ms. Yan Tianjia တို့က ပေးအပ်ကြရာ အထူးပြု ဘာသာရပ် ၁၂ ခုမှ ကိုယ်စားပြုကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။


ယင်းနောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာ စိုးစိုးအောင်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ရာ CFRD မှ Country Director Ms. Lin Yuan က လက်ခံရယူသည်။


ဆက်လက်၍ ပညာသင်ဆုရရှိကြသည့် Nay-pyitaw State Academy မှ ကျောင်းသား ကျောင်းသူ များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။


ယနေ့အခမ်းအနားကို CFPA Myanmar Office နှင့် Naypyitaw State Academy တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office)သည် မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ခုနှစ်ကစတင်၍ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဦးစီးဌာနများနှင့်ပူးပေါင်းကာ Paukphaw Scho-larship Project ကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်မှာ ခုနစ်နှစ်ခန့်ရှိခဲ့ပြီး တက္ကသိုလ် ၁၄ ခုမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၃၄၈ ဦးကို ထောက်ပံ့လှူဒါန်းနိုင်ခဲ့သည်။ ယင်းအစီအစဉ်အရ ယခု(၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy တို့မှ တက္ကသိုလ် ကျောင်းသား ကျောင်းသူစုစုပေါင်း ၈၀၀ တို့ကိုတစ်ဦး လျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ပညာသင်နှစ်တစ်နှစ်စာအတွက် ပညာသင်ဆုများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပြီး အစီအစဉ်အရ Alibaba Philanthropy ၏ ငွေကြေးထည့်ဝင်မှုဖြင့် Naypyi-taw State Academy မှ ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို ပညာသင်နှစ် တစ်နှစ်စာအတွက် ပညာသင်ဆုများကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်။


တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myan-mar Office) သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ ပြည်ထဲရေးဝန်ကြီးဌာနတွင် နိုင်ငံတကာအစိုးအရမဟုတ်သော အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ခွင့်ပြုချက်အရ Bank of China (BOC) Scholarship Program၊ Paukphaw ပညာသင်ဆုစီမံကိန်း၊ တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆုစီမံကိန်း၊ Panda Pack စီမံကိန်း၊ Smiling Children စီမံကိန်း၊ WASH စီမံကိန်း၊ ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းစီမံကိန်း၊ စက်ဘီးလှူဒါန်းခြင်းစီမံကိန်း၊ ဆိုလာမီးအိမ်များလှူဒါန်းခြင်းစီမံကိန်း စသောစီမံကိန်း ၁၄ ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ခုနစ်နှစ်တာ ကာလအတွင်းတွင် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ မြို့နယ်ပေါင်း ၁၄၄ မြို့နယ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈၂ သန်း ထည့်ဝင်ပြီး လူဦးရေပေါင်း ၄၉၇၆၀၈ ဦးအား အကျိုးခံစားခွင့်ရရှိစေခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)