ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှတ်ပုံတင်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှတ်ပုံတင်ပြီ




MNP ၊ မတ် ၂၂

ယနေ့ သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(ဟောင်း)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (ဗဟိုအကြံပေး) ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)လည်း  ပြန်လည်မှတ်ပုံတင်လာသည်ကို တွေ့ရသည်။

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိသည့် အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) တို့သည် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို UEC သို့ လာရောက်လျှောက်ထားသွားကြောင်း သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ် ထုတ်ပြန်ပြီး အသစ် လျှောက်ထားသော ပါတီ ၇ပါတီနှင့် ယခင်ရှိနှင့်ပြီး ဆက်လက်ရပ်တည်မည့်ပါတီ ၃၁ပါတီ စုစုပေါင်း ၃၈ပါတီအထိ မှတ်ပုံတင်ထားပြီးဖြစ်သည်။ ယင်း ၃၈ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ (၉)ပါတီ ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှ အတွင်းရေးမှူး အဖွဲ့ဝင် (အောက်မြန်မာပြည်တာဝန်ခံ) ဦးကျော်ထက်အား ဆက်သွယ်မေးမြန်းရာ NDF ပါတီကို ပြည်ထောင်စုတဝန်းလုံးစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)