NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်


MNP ၊ မတ်လ ၁

NUG အကြမ်းဖက်အဖွဲ့ လက်အောက်ခံ FOEIM Online ပညာရေးစနစ်အပေါ် ဖော်ထုတ်တွေ့ရှိချက်များအား အများပြည်သူသိရှိစေရန် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အသိပေးကြေညာထားရာတွင် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် -

NUG အကြမ်းဖက်အဖွဲ့ လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက် ၁ ဦး လျှင် ထိုင်း ဘတ်ငွေ ၁၀၀၀/ ၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့်ကျောင်း အပ်နှံခဲ့ ကြောင်းနှင့် NUG အသိအမှတ်ပြု ကျောင်း ၆၂ ခု ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော် လည်း ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရပါသည်။ အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည် ထောင်ဖွင့်လှစ်ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ကြောင်း၊

မိဘပြည်သူများအနေဖြင့် သိရှိရန်မှာ FOEIM သည် အကြမ်းဖက် အားပေးထောက်ခံသည့် Online စာသင်ကျောင်းဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု အထောက်အထားများ ခိုင်လုံစွာ ပြသနိုင်မှုမရှိခြင်း၊ ကျောင်းအခြေပြုတည်နေရာပြသနိုင်မှုမရှိခြင်းနှင့် စနစ်တကျဖွဲ့စည်းအုပ်ချုပ်မှုမရှိခြင်းတို့အား ဖော်ထုတ်တွေ့ရှိရကြောင်း၊ NUG အကြမ်းဖက်အဖွဲ့ မှ ကျောင်းဝင်ငွေ၏ သုံးပုံတစ်ပုံအား ၎င်းတို့ထံ ပေးအပ် စေခဲ့ရာမှ FOEIM ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)အကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ငွေကြေးသုံးစွဲမှုစာရင်း ချပြရှင်းလင်းနိုင်မှုမရှိဘဲ ငွေကြေးလိမ်လည်မှုဖြစ်ပေါ်ခဲ့ရာမှ ကျောင်းအပ် နှံသူများ၏ အမည်စာရင်း ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ FOEIM Online စာသင်ကျောင်းမှ အချက်အလက်များပေါက်ကြားမှုမရှိစေရန် Facebook Page ၊ Website နှင့် Telegram တို့မှ အာမခံ ချက်များပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/သူ ၅၀၀ ဦး ၏ အမည် စာရင်းများ ပေါက်ကြားခဲ့သည်ကို ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ အမည်စာရင်းများ ပေါက်ကြားခြင်းကို အကြမ်းဖက် NUG အကြမ်းဖက်အဖွဲ့၏ Facebook Page မှ တာဝန် ယူဖြေရှင်းပေးမှု မရှိသည့်အပြင် ၎င်းတို့၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)တို့မှ ငွေကြေးလိမ်လည်သူ ၅ ဦး ဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေး ဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရပါ အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့် အစိုးရစာသင်ကျောင်းများနှင့် အစိုးရအသိအမှတ်ပြုစာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပညာ သင်ကြားနိုင်ရေး အသိပေးထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)