PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ



MNP ၊ မတ် ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ဆေးကုသရန် သွားရောက်သည့် မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်သည့်အတွက် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ  မတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ဦးလွင်မိုးအေး သည် ၎င်း၏ညီမဖြစ်သူ မဇင်မိုးအေး နှင့် တူဖြစ်သူ မောင်အောင်ဇာနည်ဟိန်း(၈)နှစ် တို့နှင့်အတူ ရေးမြို့တွင် ဆေးကုသရန် အတွက် သွားရောက်စဉ် ကံလှကျေးရွာ အနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးလွင်မိုးအေး တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မဇင်မိုးအေးနှင့် မောင်အောင်ဇာနည်ဟိန်း တို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် မော်တော်ဆိုင်ကယ်များဖြင့် စုံပဒေါက်ကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်တွင် သေဆုံးသူ၏ ရုပ်အလောင်းအား ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာ ၂ ဦးအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေး ရုံ၌ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ် ခြင်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)