မြင်းခြံမြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်ဟောင်းတစ်ဦးကို PDF အကြမ်းဖက်သမားက သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်ဟောင်းတစ်ဦးကို PDF အကြမ်းဖက်သမားက သတ်ဖြတ်


MNP ၊ မတ် ၁၉ 

မြင်းခြံမြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်ဟောင်းတစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် PDF အကြမ်းဖက်သမားက သတ်ဖြတ်လိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ရွာရှည်ကျေးရွာရှိ ချစ်စန်း(ဗမာပြည်)ကဖေး/အအေးနှင့်ကွမ်းယာဆိုင်တွင်  ဦးစိန်လင်း (၅၀နှစ်)(ဘ)ဦးလေးမောင်၊ ကျောက်ကုန်းကျေးရွာ၊ မြင်းခြံမြို့နယ်နေသူ (ယခင်က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်) ဖြစ်ပြီး ချစ်စန်း(ဗမာပြည်)ကဖေး/အအေးနှင့်ကွမ်းယာဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ် အကြမ်းဖက် လူသတ်သမား PDF ၁ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ရွာ၏မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။ 

PDF အကြမ်းဖက်သမား၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးစိန်လင်းတွင် ယာပုခုံး ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ချက်၊ ဝဲ နားထင်ဖောက်ဝင်ဒဏ်ရာ ၁ချက်တိုဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ 

#MyanmarNationalPost

No comments:

Post a Comment