ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် PDF အကြမ်းဖက်သမားများ လှုပ်ရှားနေထိုင်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် PDF အကြမ်းဖက်သမားများ လှုပ်ရှားနေထိုင်လျှက်ရှိ



MNP ၊ မတ် ၁၉ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ ငှက် ပျောတောကျေးရွာတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲဝင်အမျိုးသား၊ အမျိုး သမီး အင်အား ၁၀၀ ကျော်ခန့် အခြေပြုနေထိုင်လျှက်ရှိကြောင်း သိရသည်။ 

ထိုသို့ အခြေပြုနေထိုင်နိုင်ရန်အတွက် ကျေးရွာအတွင်းရှိ လူကြီး ၄၊ ၅ ယောက်မှ ကမကထပြုဆောင်ရွက်ပေးနေကြောင်း၊ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာပါက ယင်းအကြမ်းဖက်အဖွဲဝင်များသည် ရွာသားများအသွင်ပြောင်းကာ နေထိုင်သွားလာမှုများ ပြုလုပ်လျှက်ရှိပြီး၊ ၎င်းတို၏လုံခြုံရေးအတွက် ကျေးရွာနေပြည်သူလူထုအတွင်းမှ နေ့စဉ် ၂ ယောက်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။ 

အဆိုပါကျေးရွာတွင် မတ်လ ၁၇ ရက်နေ့၌ ကျေးရွာလူကြီးအပါအဝင် ရပ်မိ ရပ်ဖဟုဆိုသူအချို့သည် ကျေးရွာအတွင်းရှိ ကာလသားအမျိုးသား၊ အမျိုးသမီးများအားလုံး မလာမနေရဟုဆိုကာ အစည်းအဝေးခေါ်ယူခဲ့ကြောင်း၊ အစည်းအဝေးတွင် ငှက်ပျောတောကျေးရွာ၌ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်သွားရန် ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost


No comments:

Post a Comment