ထိုင်းနိုင် တာ့ခ်ခရိုင်အတွင်း ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က သတင်းရရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင်များကို ဝင်ရောက်ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင် တာ့ခ်ခရိုင်အတွင်း ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က သတင်းရရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင်များကို ဝင်ရောက်ဖမ်းဆီး




MNP ၊ မတ် ၂၂

ထိုင်း သတင်းစာမျက်နှာများတွင် ဖော်ပြချက်အရ တာ့ခ်ခရိုင်ရှိ မြန်မာအစိုးရကို ဆန့်ကျင့်နေသည့် PDF အကြမ်းဖက်သမားများခိုအောင်းရာ နေရာများကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသော အကြမ်းဖက်သမားများ ရှိနေကြောင်း ထိုင်းထာက်လှမ်းရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီးနောက် ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါ စီးနင်းဖမ်းဆီးမှုအတွင်း ကျည်ဆံများ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ၊ စစ်သုံးပစ္စည်းများနှင့် (PDF)အကြမ်းဖက်အဖွဲ့၏ တံဆိပ်များ သိမ်းဆည်းရမိခဲ့သည်။


သတင်းရင်းမြစ်များ အဆိုအရ PDF အကြမ်းဖက်အဖွဲ့ဝင် ၂၀၀ ခန့် အဆောက်အအုံအများအပြားတွင် နေထိုင်ကြပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။ 


ထိုင်းနယ်စပ်တွင် PDF အကြမ်းဖက်သမားများသာမက CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ ထိုင်းနိုင်ငံမှတဆင့် တတိယနိုင်ငံများသို့ ပြေးနိုင်ရန် ခိုလှုံနေကြသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)