ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး



MNP ၊ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။


ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူ သစ်သားတံတား/ ပြွန်ကြီးတံတား(ဒေသအခေါ်)အား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား ၁ စင်းလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ သွားလာ၍မရကြောင်း သိရှိရသည်။


ထိုသို့ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိ သူများက ပြန်လည်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူဖြတ်သန်းသွားလာအသုံးပြု လျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များအား  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)