Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိ





MNP ၊ မတ် ၅

လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်သပြေကုန်းဈေး ယာယီမဏ္ဍပ်၌ ကျင်းပခဲ့ပြီး Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားပြီး NPK Motor Co.,Ltd ဥက္ကဋ္ဌ ဦးနိုင်ဖြိုးကျော်က MG EV Charging Station (NPT) တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လျှပ်စစ်သုံးယာဉ်များအတွက် ပထမဦးဆုံးလျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များကို လက်တွေ့စမ်းသပ် မောင်းနှင်ကြသည်။


မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co., Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်တည်ဆောက်ဆဲ လျှပ်စစ် ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များကိုလည်း အမြန်ဆုံးဖွင့်လှစ် အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)