ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်


MNP ၊ မတ်  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊  မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ၊ မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊မူးယစ်ဆေးဝါးဆိုတာဘာလဲ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု/ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု/ လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသည့် အကြောင်းအရင်းများ၊ ဘယ်လိုကာကွယ်တားဆီးကာကွယ်ရမလဲစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)