ကျိန္တလီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show)ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show)ကျင်းပပြုလုပ်




MNP ၊ မတ်  ၇

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 


    ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက  Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျိန္တလီ နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆက်နွယ်စိုးက ယာဉ်အန္တရာယ်၊ လမ်းအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်မှ မော်တော်ယာဉ်မောင်းနှင်အသုံးပြုရာတွင် မော်တော်ယာဉ် မောင်းနှင်သူနှင့် လိုက်ပါ စီးနှင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်အသုံးပြုရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနှင်းသူများ၊ နောက်မှ လိုက်ပါစီးနှင်းသူများ အနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြရန်နှင့် မေးသိုင်းကြိုး မြဲမြံစွာ တပ်ဆင်အသုံးပြုရန်၊ အရက်သေစာမူးယစ် သောက်စား၍ မော်တော်ယဉ်ကိုမောင်းနှင်ခြင်းမပြုရန်၊ မော်တော်ယဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်းမပြုရန် စသည်တို့အား ဆွေးနွေး ပြောကြားခဲ့သည်။ 


ထို့နောက် ပြစ်မှုပြစ်ဒဏ်နှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အရ မည်သူမဆို အများပြည်သူဆိုင်ရာလမ်းတွင် စည်းကမ်းမရှိစွာမောင်းနှင်ခြင်း၊ စီးနင်းခြင်း ပြုလုပ်ပါက (၂နှစ်)ထိထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ(၁၀၀၀၀ဝိ/-)ကျပ်ထိ ဒဏ်ငွေဖြစ်ကိုစေ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များကို ပေါ့လျော့စွာ မောင်းနှင်ခြင်းကြောင့် လူသေအမှု ဖြစ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ (၇နှစ်)ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများအား ဆက်လက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment