ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ



MNP ၊ မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မအူပင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြင့်မှ လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာများမှ တစ်ဦးချင်းဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလရန်ပုံငွေ)ဖြင့် ဌာနမှ ဆောင်ရွက်သော ကျေးလက်ရေပေးရေးလုပ်ငန်း(၂)ခု၊ နိုင်ငံတော်ထောက်ပံ့(Unicef) ပူးပေါင်းဖြင့် ဌာနမှဆောင်ရွက်သော ကျေးလက်ရေပေးရေးလုပ်ငန်း(၂)ခု စုစုပေါင်းရေရရှိရေး လုပ်ငန်း(၆)ခုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာ(၂၂)ရွာတွင် ကွန်ကရစ်ခင်းခြင်း (လမ်း)လုပ်ငန်း(၁၃)ခု၊ မီးလင်းရေးလုပ်ငန်း(လျှပ်စစ်မီး) (၉) ခုတို့အား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စာအုပ်များ(VDP Book)အား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC)ထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ကျေးရွာ(၁)ရွာတွင် မြေရောကျောက်စရစ်ခင်းခြင်း လုပ်ငန်းတို့အား သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC)အဖွဲ့ဝင်များ ဖြစ်သောဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)