နတ်မောက်မြို့နယ်လ/တံခွန်တိုင်ကျေးရွာတွင် (VRFP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်လ/တံခွန်တိုင်ကျေးရွာတွင် (VRFP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP ၊ မတ်  ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လ/တံခွန်တိုင်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့သည် လ/တံခွန်တိုင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် တောင်သူ(၁၃၂)ဦး၏ စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ/မရှိစစ်ဆေးပြီးလိုအပ်သည်များကို မြို့နယ်ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။        


လ/တံခွန်တိုင်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အသင်းသား/သူ(၁၃၂)ဦးအား ရန်ပုံငွေကျပ်သိန်း(၃၀)သန်းကို တတိယစက်ဝန်းထုတ်ချေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)