ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ သီရိမင်္ဂလာ သာသနာ့ဗိမာန် ရေစက်ချအပ်နှံပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ သီရိမင်္ဂလာ သာသနာ့ဗိမာန် ရေစက်ချအပ်နှံပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးသို့တက်ရောက်



MNP ၊ ဧပြီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် သီရိမင်္ဂ လာဗိမာန် ရေစက်ချအပ်နှံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့်ကန်တော့၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သီရိမင်္ဂလာဗိမာန် ရေစက်ချအပ်နှံပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်  ဆရာတော်၊ သံဃာ်တော်များ၏ ဝေယျာဝစ္စကိစ္စရပ်များ၊ ဧည့်ပရိတ်သတ်များ၏ ကျွေးမွေးဧည့်ခံမည့်ကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင် ရေးကိစ္စရပ်များကို ဆရာတော်၊ သံဃာ်တော်များအား လျှောက်ထားပြီးနောက် ဆရာတော်၊ သံဃာ်တော်များက လိုအပ်သည်များ မိန့်ကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)