မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပခုက္ကူမြို့ နှင့်ရေစကြိုမြို့မှ ပင့်ဖိတ်ထားသောဆရာ တော်ကြီးများလေ့ လာဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပခုက္ကူမြို့ နှင့်ရေစကြိုမြို့မှ ပင့်ဖိတ်ထားသောဆရာ တော်ကြီးများလေ့ လာဖူးမြော်ကြည်ညို






MNP ၊ ဧပြီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော် လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပခုက္ကူမြို့ သာသနဝိပုလာရာမ(အနောက်တိုက်)မှ ဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃ နာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တမေဓာနှင့် ရေစကြိုမြို့ မအိုကျောင်းမှ ဂန္တဝါစကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သြဘာသ တို့ ဉီးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၀၀)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြှော် ကြည်ညိုကြသည်။


ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန်  စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးများအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့် ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချ ထားခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားသည်။


ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုအခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုကြသည်။


ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်ကြီး များအား    နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်ကြီးများ၏ ပရိတ်တရားတော်များကို နာယူကြည်ညို ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)