Pages

Pages

ရွှေတောင်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ အချိန်စေ့လွန်ကြွေးကျန်များကောက်ခံရရှိရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

 ​​



MNP ၊  ဧပြီ ၂၅

     ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် တွင် ၂၀၁၄ -မိုးရာသီ မှ ၂၀၂၁- ဆောင်းရာသီအထိ   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ  အချိန်စေ့လွန်ကြွေးကျန်သူများ အား ကျေးရွာများသို့ အရောက် ကွင်းဆင်းကောက်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


       အဆိုပါ အချိန်စေ့လွန်ကြွေးကျန်သူများအားကွင်းဆင်းကောက်ခံခြင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ       ဒေါ်သီသီလှိုင် ဦးဆောင်သော  အဖွဲ့ ( ၄) ဖွဲ့ဖြင့်  မတ်လ (၂၂)ရက်နေ့မှ စတင်၍ ကွင်းဆင်း ‌ကောက်ခံဆောင်ရွက်ခဲ့ရာ အချိန်စေ့လွန်ကြွေးကျန် ကျေးရွာအုပ်စု (၅၀) ရှိ တောင်သူများက ထုတ်ချေးငွေပမာဏ  ကျပ်သိန်းပေါင်း ၄၇၉၉၆.၀၀၀သိန်း  အနက်  စုစုပေါင်းကောက်ခံရရှိငွေ  ကျပ်သိန်းပေါင်း ၄၄၀၀၈.၀၄၀ သိန်းကောက်ခံရရှိပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများရှိ တောင်သူများနှင့်တွေ့ဆုံ၍ လျာထားချက် ပြည့်မီရေး ဆက်လက်ကွင်းဆင်း ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ေရးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံးမှသိရသည်။


 ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment