Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုခေါင်ယာယီနေရာချထားရေးစခန်းအနီး ကိုင်းတောမီးလောင်ကျွမ်းမှုဖြစ်ပွား




MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် လှဖိုခေါင်ယာယီနေရာချထားရေးစခန်းအနီး ယမန်နေ့  နံနက်(၁၁:၂၀)အချိန်က ကိုင်းတောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မောင်တောမြို့၊ လှဖိုခေါင်ယာယီနေရာချထားရေးစခန်းအနီး ကိုင်းတောမီးလောင်ကျွမ်းရာမှ  စခန်း အနီးရှိ ခြံစည်းရိုးအတွင်း မီးကူးစက်လောင်ကျွမ်းလာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊ လှဖို ခေါင်စခန်းရှိ ဝန်ထမ်းများ နှင့် မောင်တောမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များစုပေါင်း၍  မီးရိုက်တုတ်များဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment