MNP ၊ ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာ စွမ်းရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကလေးငယ်များဖိတ်ခေါ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသားကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲ၊ ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် သတ်မှတ်ချက် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ရာ ကျောင်းသားကလေးငယ်များ(၂၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးဆေးရောင်ခြယ်နိုင်သူများအား ဦးစီးအရာရှိက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment