တနင်္သာရီမြို့နယ်အတွင်းရှိ ကန်တော့ခံသက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်အတွင်းရှိ ကန်တော့ခံသက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်



MNP ၊  ဧပြီ ၂၀

၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့က သဘာဝဘိုးဘွားရိပ်သာအတွင်း အသက်ကြီး အဘိုး/အဘွားများအား အခမ်းအနားဖြင့် ပူဇော်ကန်တော့၍ အလှူငွေထောက်ပံ့လှူဒါန်း ခြင်းအခမ်းအနားကျင်းပရာသို့ အသက်အရွယ်ကြီးရင့်မှု၊ ကျန်းမာရေးအခြေအနေများအရ မလာရောက်နိုင်ခဲ့သည့် ကန်တော့ခံ အသက်ကြီးအဘိုး/အဘွားများအား တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီး အောင်ကိုလတ်သည် ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့ပေါ်ရပ်ကွက်များရှိ အဘိုး/အဘွားများ နေအိမ်များသို့ သွားရောက်၍ ကန်တော့ငွေ(၂၀,၀၀၀)ကျပ်စီဖြင့် ပေးအပ်ကန်တော့၍ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ထိုအခါ အဘိုး/အဘွားများကလည်း  ဝမ်းမြောက်ကျေးဇူးတင်စကားနှင့် ဆုမွန်ကောင်း တောင်းပေး၍ မေတ္တာပို့သပေးကြောင်း သိရသည်။


ဆက်လက်၍ ကျန်ရှိနေသေးသည့် ကန်တော့ခံ အသက်(၇၅)နှစ်အထက်၊ အဘိုး/အ ဘွားများကို ယခုကဲ့သို့ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ပြီး ကန်တော့ငွေ(၂၀၀၀၀) ကျပ်နှုံးဖြင့် ထောက်ပံ့လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)