Pages

Pages

ဒေးဒရဲမြို့နယ် ဘုရားကြီးကွက်သစ်(ဘီ)လမ်း မိသားစုက (တတိယ) အကြိမ် နှစ်သစ်ဦး စတုဒိသာများ ကျွေးမွေးလှူဒါန်း




MNP ၊  ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီး ကွက်သစ်(ဘီ)လမ်း မိသားစုများက စုပေါင်း၍ တတိယအကြိမ်မြောက် နှစ်သစ်ဦး စုပေါင်း စတုဒိသာ လှူဒါန်းပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲ အချိန်က စတင်၍ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။


တတိယအကြိမ်မြောက် နှစ်သစ်ဦးစတုဒိသာလှူဒါန်းပွဲကို အလှူရှင် (၃၇)ဦးက ထမင်းနှင့် ဟင်းများ၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်ဟင်းခါး၊ ပဲဟင်းပလာတာ၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ရေခဲမုန့်နှင့် အအေးများကို ဘုရားကြီးကွက်သစ် (ဘီ)လမ်း တစ်လျှောက်တွင် ကျွေးမွေးလှူဒါန်းခဲ့ရာ လာရောက်စားသုံးသူ ပြည်သူများနှင့် စည်ကား ခဲ့ကြောင်း သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment