Pages

Pages

မိုးကြိုးဘေး အသိပညပေး (Talk Show) ဆောင်ရွက်


MNP ၊  ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးရွှေ ဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ၊ ယနေ့နံနက် ၉ နာရီချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်မိုးကြိုးဘေး အသိပညာ‌ပေး (Talk Show) ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချောစုက၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည့် အချိန်ကာလများ၊ လျှပ် စီးလက် ခြင်းမဖြစ် မီကြိုတင်လုပ်ဆောင်ရမည့် အချက်များ၊လျှပ်စီး လက်မှုဖြစ်ပွားစဥ်အိမ် အတွင်းအိမ် အပြင်တွင်ရှိနေစဥ်ပြုမူနေ ထိုင်ရမည့်အကြောင်း အရာများ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီး နောက်လိုက်နာရမည့်အချက်များ၊ ပြည်သူများသိ သင့်သိထိုက်သည့် အချက်များ စသည် တို့ကိုအကျယ်တဝင့်ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။


အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment