ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP ၊  ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော် က ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေကို သိရှိနားလည်နိုင်ကြစေရန်နှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်ဖြည့်စွက်ချက်များကို နည်းလမ်းမှန်ကန်စွာ သိရှိလိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်း ဦးစွာပြောကြားသည်။ 


ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ စာအုပ်ပါ အခန်း(၃)ရှိ ဌာနဆိုင်ရာ အရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို ဝန်ထမ်းတစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဝန်ထမ်း၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ 


ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင်(၂) ကြိမ်နှုန်းဖြင့် ဝန်ထမ်းများနှင့်သက်ဆိုင်သည့် စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်များအလိုက် ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်ပြုလုပ်  ပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment