နောင်ချိုမြို့နယ်၌ သက်ကြီးဘိုးဘွားများအား နှစ်သစ်ကူးပူဇော်ကန်တော့ပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ သက်ကြီးဘိုးဘွားများအား နှစ်သစ်ကူးပူဇော်ကန်တော့ပွဲအခမ်းအနား ပြုလုပ်


MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျင်းပမြဲဖြစ်သော မြို့နယ်အတွင်းရှိ  သက်ကြီးဘိုးဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို နှစ်စဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဘူတာရပ်ကွက်၊ နယ်မြေ(၅)၊ (၆)တွင် ယမန်နေ့နံနက် ၈ နာရီအချိန်က သက်ကြီးပူဇော်ကန်တော့ပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်၍ ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၄၉)ဦးအား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မတက်ရောက်နိုင်သော ဘိုးဘွားများအား အိမ်တိုင်ရာရောက် ကန်တော့ကြမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲတွင် ဘူတာရပ်ကွက်၊ နယ်မြေ(၅)၊ (၆)နေ အလှူရှင်များနှင့် ပြည်သူများက  တက်ရောက်လာကြသော ဘိုးဘွားများအား နံနက်စာထမင်းဖြင့် ကျွေးမွေးဧည့်ခံ၍ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ကန်တော့ခဲ့ကြပြီးနောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးက နှစ်သစ်ဆုတောင်းစကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment