ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိ



MNP ၊  ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ထိုသို့ ပျိုးထောင်ထားရှိရာတွင် ကျွန်းပျိုးပင်(၁၄၀၀၀)၊ မန်ဂျန်ရှားပျိုးပင် (၁၇၅၀၀) နှင့် မဟော်ဂနီပျိုးပင် (၂၀၀၀၀)၊ ယူကလစ်ပျိုးပင် (၁၂၅၀၀)၊ ပိတောက်ပျိုးပင် (၃၀၀၀)၊ တမလန်းပျိုးပင် (၂၀၀၀)၊ ကံ့ကော်ပျိုးပင် (၅၀၀)၊ ခရေပျိုးပင် (၅၀၀) စသည်တို့ကို သစ်တောဦးစီးဌာန (၈၅/၁) မိုင် အမြန်လမ်း အမြဲတမ်းပျိုး ဥယျာဉ်တွင် (၄၀၀၀၀)၊ ဆယ့်လေးရွာပျိုး ဥယျာဉ်တွင် (၂၀၀၀၀)၊ မြို့မပျိုးဥယျာဉ်တွင် (၁၀၀၀၀) ပျိုးထောင်ထားရှိပြီး မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)