ပဲခူးမြို့ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ် အထူးတရားပွဲ ဓမ္မသဘင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ် အထူးတရားပွဲ ဓမ္မသဘင်ကျင်းပ








MNP ၊ ဧပြီ ၅

ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် အထူးတရားပွဲ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီ အချိန်က ပဲခူးမြို့ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တက်ရောက် နာယူကြည်ညိုကြသည်။


ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် အထူးတရားပွဲတွင် ဓမ္မသဘင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ ဆရာတော်ကြီးက “စေတီယပူဇာ” တရားခေါင်းစဉ်ဖြင့် တရားနာလာကြကုန်သော တရားနာပရိတ်သတ်အပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကိုဟောကြားတော်မူခဲ့ကြောင်း သိရသည်။


အဆိုပါအောင်မြင်ခြင်း အထိမ်းအမှတ် အထူးတရားပွဲဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေသူတော်စင်များ လာရောက်တရားတော်နာယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရထံ လှူဖွယ်ပစ္စည်းများနှင့် ဓမ္မပူဇာအလှူတော်ငွေ များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)