MNP ၊ ဧပြီ ၃
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ သတ္တမ(နောက်ဆုံးနေ့)ကို ယနေ့နံနက် ၉ နာရီက တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေ (ကိုရင်လေးဆရာတော်ကျောင်း) လျောင်းတော်မူဘုရားအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ကို မတ်လ ၂၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ပထမကြီးတန်းတွင် ဘာသာပြန်ဘာသာရပ်ကို စာဖြေသံဃာတော်များမှ မွန်ဘာသာဖြင့် (၁၀၁)ပါး၊ မြန်မာဘာသာဖြင့် (၁၀) စုစုပေါင်း (၁၁၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ စာဖြေသံဃာတော်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းတို့ ကြီးမှူး၍ စာမေးပွဲ ကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်လူပုဂ္ဂိုလ်များ၊ ကျေးလက်ကျန်းမာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပုပ္ဖဝတီ လူငယ်များအဖွဲ့နှင့် ကိုရင်လေးဆရာတော်၏တပည့်ဒါယကာအပေါင်းတို့မှ နေ့ဆွမ်း၊ ဖျော်ရည်၊ သောက်ရေသန့်များဖြင့် စုပေါင်းကုသိုလ်ယူဆောင်ရွက်ပေးခြင်းဖြင့် ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment