ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့လှူဒါန်း




MNP ၊  ဧပြီ ၂၁

 မွန်ပြည်နယ်၊ဘီးလင်းမြို့ မြို့နယ်၊မီးသတ်ဦးစီး ဌာနသည် နွေရာသီကာလ ရေခန်းခြောက်မှု ကြောင့် သောက်သုံးရေ အခက်အခဲရှိသော မြို့ပေါ် ရပ်ကွက်များသို့ ရေများအခမဲ့ဖြန့်ဝေ ပေး ခြင်းကို ယမန်နေ့ ညနေပိုင်းက ဘိုးရာဇာ ရပ်ကွက် ဘောလုံးကွင်းအနောက်ရှိ ပြည်သူများ ထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


 အဆိုပါ သောက်သုံးရေများ (အခမဲ့)လှူဒါန်းရာ ၌ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးထွန်းထွန်းလင်း နှင့် တပ်ဖွဲ့ဝင်များက ရေဂါလံ ၁၆၀၀ ကို အိမ်တိုင်ရာရောက် အခမဲ့ သွားရောက်လှူဒါန်းပေးခဲ့သည်။


ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့် သောက်သုံးရေ အခက် အခဲရှိသည့်ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ ၊ရပ်ကွက်များ သို့လည်း ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။


ထူးနောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)