Pages

Pages

မြောက်ဦးမြို့၌ မွေးကင်းစကလေးမှ အသက် (၁) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာ ကွယ် ဆေးထိုးနှံပေးလျှက်ရှိ




MNP ၊  ဧပြီ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့တွင် မွေးကင်းစမှ အသက်(၁) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အောင်တပ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စတင်ထိုးနှံပေးလျှက်ရှိသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်တွင် မွေးကင်းစမှ အသက်(၁) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ် ဆေး၊ပိုလီယိုအကြောသေထိုးဆေးနှင့် ပိုလီယိုကာကွယ်ဆေးရည်ကိုပါ တိုက်ကျွေးခြင်း၊ ဝက်သက်၊ ဂျိုက်သိုး၊ စသော ကာကွယ်ဆေးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


 မြင့်စိုး၊စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment