Pages

Pages

မြောက်ဦးမြို့၌ သောက်သုံးရေပြတ်လပ်လျှက်ရှိသော အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သောက်သုံးရေ များဖြန့်ဝေလှူဒါန်း




MNP ၊  ဧပြီ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပူပြင်းသောနွေရာသီကာလ တွင် ရေတွင်း၊ ရေကန်များ ခန်း ခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယနေ့နေ့ လယ် ၁၂ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော အလိုတော်ပြည့်ဘုန်းတော်ကြီးတော်သို့ သွားရောက်၍ မြို့နယ် မီး သတ်တပ်ဖွဲ့ဝင်များ သွား ရောက်ကာ သောက်သုံး ရေများကို ဖြန့်ဝေ လှူဒါန်း ပေးခဲ့သည်။ 


ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်ကာ မီးသတ် တပ်ဖွဲ့ဝင်များက မြောက်ဦးမြို့ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေ ထိုင်လျှက်ရှိကြသည့် ဆရာတော် သံဃာတော်များအတွက် သောက်သုံးရေဖူလုံစေရေး လိုအပ် သည့်ရေပမာဏကို လိုက်လံပို့ဆောင်လှူဒါန်းပေးလျှက်ရှိကြောင်း၊ လက်ရှိအနေဖြင့် မြို့ပေါ် ကျောင်းဖြစ်သည့် အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း သို့  သောက်သုံးရေ ၁၆၀၀ ဂါလံကို စနစ် တကျဖြန့်ဝေလှူဒါန်းပေး ခဲ့ကြောင်း သိရသည်။


 မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment