ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထား



MNP ၊ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားတင်ပြလျှောက်ထားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ  မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ပြီး သြဝါဒစကားများနာယူကြည်ညိုခဲ့ကာ ဘုန်းတော်ကြီးသင် ပညာရေးစာသင်ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်နိုင်ရေး အခြေအနေများ လျှောက်ထား တင်ပြခဲ့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ၊ ငွေကျား  ဆီကြိတ်စက်လုပ်ငန်းသို့ သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ပေးပို့ကြိတ်ခွဲသည့် နေကြားမျိုးစေ့အလိုက် တစ်တင်းလျှင်ဆီကြိတ်ခွဲရရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီကြိတ်စက်ပိုင်ရှင်မှ နေကြာမျိုးအလိုက် နေကြာဆီထွက်ရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာမျိုးကောင်းမျို့သန့်များမှ အထွက်တိုးနေကြာမျိုးများကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်ရန်လိုပါကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)