မင်းလှမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်အား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲပြု လုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ သင်္ကြန်ဆိုတာ ဘာကိုခေါ်တာလဲ၊ သင်္ကြန်ကာလမှာ လူပုဂ္ဂိုလ်များ ဘယ်လိုကောင်းမှုကုသိုလ်တွေပြုလုပ်ကြပါသလဲ၊ သင်္ကြန်ကာလမှာ ရေပတ်ခြင်းရဲ့ ရည်ရွယ်ချက်များစသည့်အချက်များကိုမေးမြန်း‌ဆွေးနွေးခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။


မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)