နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာ မယ်ရေးဘုရားဝိုင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာ မယ်ရေးဘုရားဝိုင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ ကျင်းပမည်


MNP ၊  ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာရှိ မယ်ရေးဘုရားဝိုင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် အသစ်တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရားဆင်းတုတော်မြတ်အား ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်လှူပွဲကို ၁၃၈၅ ခုနှစ် ကဆုန်လဆန်း (၂) ရက်နေ့မှ (၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။


အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၏ နှစ်ဦးပဋ္ဌာန်းပူဇော်ပွဲအဖြစ် ရည်မှန်း၍ မယ်ရေးဘုရားဝိုင်းအတွင်းရင်ပြင်တော်ရှိ ဓမ္မာရုံတွင် ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ပင့်သံဃာ(၂၈)ပါးတို့ဖြင့် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း၊ မယ်ရေးဘုရားဝိုင်းတွင် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့သော စေတီတော်များရှိသော်လည်း နဂါးရုံဘုရားမရှိသေးသဖြင့် (၇)ရက်သားသမီး သာသနာ့ဒါယိကာ၊ ဒါယိကာမများ၏ စုပေါင်းလှူဒါန်းမှုဖြင့် နဂါးရုံဘုရားဆင်းတုတော်ကို အသစ်တည်ထားခဲ့ကြောင်း၊ အသစ်တည်းထားကိုးကွယ်သည့် နဂါးရုံဘုရားတွင် ရတနာခုနစ်ပါးအပါအဝင် မြတ်စွာဘုရား၏ ဇာတာတော်များ၊ ကုသိုလ်ရှင်များ၏ ရွှေငွေ၊ ကျောက်သံပတ္တမြားများကို ထည့်သွင်းဋ္ဌာပနာထားကြောင်း၊ နဂါးရုံဘုရားဆင်းတုတော်မြတ်အား ၁၃၈၅ ခုနှစ် ကဆုန်လဆန်း(၃)ရက်နေ့တွင် ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပွဲကျင်းပရန် စီစဉ်ထားကြောင်း မယ်ရေးဘုရားဝိုင်းတွင် သီတင်းသုံးတော်မူသည့် ဆရာတော်ဦးသူဇာတက မိန့်ကြားသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)