မြိုင်၊ အင်းတော် နှင့် ပုလဲမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်၊ အင်းတော် နှင့် ပုလဲမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ


MNP ၊ ဧပြီ ၇

ကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပဒိုင်းတောကျေးရွာအနီးတွင် ယမန်နေ့က PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။

မြိုင်မြို့နယ်၊ ပဒိုင်းတောကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်သမားများ ခိုးအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားပြီး ၎င်းတို့၏ စခန်းမှ လက်လုပ်သေနတ် ၁၄ လက်၊ Drop Bomb ၇ လုံး၊ ရှော့တိုက်ဒုံးသီး ၁၁ လုံး၊ စိန်ပြောင်းဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၆ လုံး၊ ၁၂ ဗို့ကျည် ၃၅ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်း၊ ပြောက်ကျားယူနီဖောင်း ၁၀ စုံ၊ NLD အလံ ၅ ခု၊ ဖိနပ် ၄ ရံ၊ ဘတ္ထရီအိုး ၉ လုံး၊ ဆိုင်ကယ် ၂ စီး၊ ကား ၂ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြိုနယ်၊ အလယ်ဆိပ်ကျေးရွာအတွင်းသို့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF ပဒက်များအား ဆေးဝါးများကုသမှု ဆောင်ရွက်ပေးနေသည့် နေအိမ်အတွင်းမှ ဆေးဝါးပစ္စည်းများဖြစ်သည့် DS (အကြောသွင်းဆေးရည် - အချို) ၂၅ လုံး၊ NS(အကြောသွင်းဆေး ရည် - အငန်) ၁၆ လုံး၊ R/L(အကြောသွင်းဆေးရည်)၊ ဓာတ်ဆား ဖြည့် ၂၈ လုံး၊ Folic acid(အသံဓာတ်အားဆေး) ၁၀၀၀ လုံး၊ Diclomic Forte(အားဆေးသောက်ဆေး)၁၀၀၀ လုံး၊  Paraceramol (အကိုက်အခဲ့ပျောက်)၊ (အဖျားကျသောက်ဆေး) ၅၀၀ လုံး၊ Aceclofenac Tab(အကိုက်ခဲပျောက်ဆေးသောက်ဆေး) ၆၀၀ လုံး၊ အရက်ပြန်(ဆေးဘူးအကြီး) ၁၁ ဘူး၊ ၃ လက်မ ပတ်တီး ၅၀ လိပ်၊ ၆ လက်မ ပတ်တီး ၁၀ လိပ်၊ ၈ လက်မ ပတ်တီး၂ လိပ်၊ ၉လက်မ ပတ်တီး ၂ လိပ်၊ Elastic Bandage(သာရည်ပျော့ပတ်တီး) ၅ လိပ်၊ ဂွမ်းထုပ်(အကြီး) ၂ ထုပ်၊ ဂွမ်းထုပ်(အသေး) ၁၀ ထုပ်၊ ချုပ်ကြိုးမဲ ၂ ဘူး၊ Nylon ချုပ်ကြိုး(No.1) ၁ ဘူး၊ Sterline Gauze(အနာထည့် ဂွမ်းလိပ်) ၉၀ ခု၊ Sugical(ခွဲစိတ်ခန်းသုံး)ဝတ်စုံ ၂ စုံ၊ Sterline dressing Waterproof(ခွဲစိတ်ခန်းသုံးဝတ်စုံ) ၅ စုံ၊ Plaster tape(စက္ကူ တိပ်) ၁၁ စုံ၊ Drip Set(အကြောသွင်းပိုက်) ၄၈ ခု၊ ကာကွယ်ဆေးထိုးအပ် ၇၀ ချောင်း၊  ခွဲစိတ်ခန်းသုံးလက်အိတ် ၃၀ စုံ၊ Calamine Lotion(အယားပျောက်လိမ်းဆေး) ၄ ဘူး၊ C.vit ၂၀၀၀ လုံး၊ Maralia Test (ငှက်ဖျားရှိ/မရှိသွေးစစ်တံ) ၇၄ ခု၊ Aetcmeter(၁၂ လုံးပါ)(ငှက်ဖျားဆေး) ၅၀ ကတ်၊ Maralia Ag. (ငှက်ဖျားစစ်ဆေးရည်) ၇ ဘူး၊ Zinc Oxide(အနာလိမ်းဆေး) ၁၇ ဘူး၊ Omeprazone(၁၀ လုံးပါ)(အစာအိမ်ဆေး) ၁ဝ ကတ်၊  Azithromycin(ပိုးသတ်ဆေး) ၂၅ ကတ်၊ Pantopraze(အစာအိမ် ဆေး) ၂၀၀ လုံး၊ Com(ဝမ်းပျော့ဆေး) ၁၀၀ လုံး၊  Flumox(ပိုးသတ် ဆေး) ၄၀ လုံး၊ Silverpac cream (မီးလောင်လိမ်းဆေး) ၂၅ ဘူး၊ Eusol(အနာထည့်ပိုးသတ်ဆေး) ၅ ဘူး၊ Cinnerizine (အမူးပြေ ဆေး) ၅၀၀ ဘူး၊ Mustab(အကိုက်ခဲပျေက်ဆေး)၂၀၀ လုံး၊ Lasix (ဆီးဆေး) ၁၂၀၀ လုံး၊  Amoxicllin+Clavulanic Acid(ပိုးသတ် ဆေး) ၂၀ လုံး၊ Sulbutamol Tap(လေပြွန်ကျယ်ဆေး) ၂၀၀ လုံး၊ Doxazosin mesylate(သွေးကျဆေး) ၂၀ လုံး၊ Laratadine Tap (သွေးကျဆေး) ၄၀၀ လုံး၊ Norfioxcin Tap(ပိုးသတ်ဆေး) ၂၅ ကတ်တို့အား ဖော်ထုတ်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်၊ ချောင်းနားကျေးရွာအနီးတွင် ယမန်နေ့က ပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် ကျေးရွာအနီးတဝိုက်တွင် အဖျက်အမှောင့် ဆောင်ရွက်နေသော PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားရာ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိပြီး အမ်-၂၂ သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ကျည် ၂၅ တောင့်၊ ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)