MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ေပါက်ေတာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ညေနပိုင်းက( Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပသည်။
ဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (Book Club )အဖွဲ့ဝင် မမြတ်သွယ်ဦးက စာရေးဆရာမ ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားသည့်“ အလုပ်ဆိုတာ အင်အားပါ” စာအုပ်ထဲမှ “အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊အဖွဲ့ဝင်ေမာင်မောင်ထွန်း က “ အိုသော်လည်း အပယ်မခံရအောင် အလုပ်ကိုဇွဲခတ်၍ လုပ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မသန်းသန်းဌေးက“ ကိစ္စမရှုပ်အောင်နေရင် အလုပ်တွင်အောင် လုပ်နိုင်ပါတယ်”ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment