Pages

Pages

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကျင်းပလျက်ရှိ


MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲ ကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။


ထိုသို့ဖြေဆိုကြရာတွင်ပါဠိပထမပြန် ၊ ပထမကြီးတန်းတွင် ဘာသာပြန်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ သံဃာ(၇)ပါးရှိသည့် အနက်(၄)ပါးက (၃)ပါးဖြေဆို ခဲ့ကြောင်း မြို့နယ် သံဃနာယက အဖွဲ့ မှ သိရသည်။


သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment