Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမ ပြန်စာမေးပွဲ တတိယနေ့ဖြေဆို




MNP ၊  ဧပြီ ၃

 ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ သာသနာရေးနှင့်ယဉ် ကျေးမှုဝန် ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍   ပါဠိပထမပြန်စာမေးပွဲ  ယနေ့ကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယနေ့နေ့လယ် (၁၂)နာရီအချိန်မှ ညနေ (၃)နာရီအထိ ကျင်းပလျက်ရှိသည်။


ပါဠိပထမပြန်စာမေးပွဲကို သံဃာ/လူ ပထမကြီးတန်း (၄)ပါးကပဌာန်း ကုသ လတိတ်ဘာသာရပ်အားလည်းကောင်းပထမလတ်တန်း(၃)ပါးကဘာသာပြန်ဘာသာရပ်အားလည်းကောင်း သံဃာ (၆)ပါး/လူ(၁)ဦးဖြေဆိုလျက်ရှိပြီး ပျက် ကွက် မရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။


 ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာ တွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment