Pages

Pages

၂၀၂၂ ခုနှစ် စူဠဘွဲ့နှင်းသဘင်အခမ်းအနား သံတွဲမြို့၌ ကျင်းပ





MNP ၊  ဧပြီ   ၂

  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကို ဧပြီ ၂ ရက်နေ့ နံနက် ၁၀ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ ဓမ္မဗိဗ္မာန်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး သံတွဲမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဌ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တရေဝတ(အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။


ထို့နောက် သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်စာမေးပွဲကြီးကြပ်ရေး နာယကအဖွဲ့ဆရာတော်များ၊ နာယက စာချဆရာတော်များနှင့် စာအောင်အရှင်သူမြတ် တို့အား လှူဖွယ် ဝတ္ထုများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။


ထိုနောက် စာအောင်သံဃာတော် (၅)ပါးအား စာအောင်ဆုနှင့် အောင်လက်မှတ်များကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူ များကဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် သံတွဲမြို့နယ် ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) အရှင်သူမြတ်မှ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။၎င်းနောက် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် များအားလုံးတို့က ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာရုတ်သိမ်း ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အလတ်တန်း(၄)ပါး၊ အငယ်တန်း(၁၇)ပါး ၊ အခြေပြုမူလတန်း (၂၀)ပါး စုစုပေါင်း (၄၁) ပါးဝင်ရောက်ဖြေဆိုရာ အငယ်တန်း(၁)ပါး၊ အခြေပြုမူလတန်း(၄)ပါး စုစုပေါင်း (၅)ပါး အောင်မြင်တော်မူခဲ့ကြောင်း သံတွဲခရိုင်သာသနာရေးားစီးဌာနမှသိရှိရသည်။


အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment