တံတားဦးမြို့နယ်တွင် စားဖိုချောင်သီးနှံ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် စားဖိုချောင်သီးနှံ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ


MNP ၊  ဧပြီ ၁၉

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကျေးလက်ဒေသများ၌ တောင်သူများက မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်သီးနှံ ဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြရာ စိုက်ပျိုးရေး အဆင်ပြေမှုကြောင့် စားဖိုချောင် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ တောင်သူ ဦးဆန်းထူးအောင် ထံမှသိရသည်။


ဇီးပင်ကွေ့ကျေးရွာ တောင်သူများသည် မြေအောက်ရေကို စနစ်တကျ အကျိုးရှိစွာ အသုံးချပြီး နေ့စဉ်ဝင်ရှိသည့် စားသုံးဆောင် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ခရမ်းချဉ်၊ ခရမ်း၊ မုံလာဥဖြူ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ဆလပ်၊  မုံညှင်း၊ ငရုတ်၊ ကန်စွန်းရွက် စသည့် သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ကျေးရွာမှာ အဆိုပါမှးဖိုချောင်သီးနှံပင်များကို ကျေးရွာတောင်သူများက အများအပြားစိုက်ပျိုးကြကြောင်း၊ ဟင်းစားပင်များ စိုက်ပျိုးရာတွင် မြေဆီမြေဩဇာကြွယ်ဝစေရန် နွားချေးနှင့်မြေဆွေးများ ထည့်မွှေပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဒါ့အပြင် မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းကို  တွဲဖက်စိုက်ပျိုးကြဟု တောင်သူ ဦးဆန်းထူးအောင်၏ ပြောကြားချက်အရသိရသည်။


ဦးရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment