MNP ၊ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်(စနေနေ့)တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တစ်လျှောက်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တစ်လျှောက် သန့်ရှင်းသာယာလှပစေရန် ချုံနွယ်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ တံမြက်စည်းလှည်းပြီး မီးရှို့ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment