ငပလီကမ်းခြေသန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီကမ်းခြေသန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်




MNP ၊  ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ငပလီကမ်းခြေသန့်ရှင်းသာယာလှပရေး   စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခြင်း ကို ယနေ့ နံနက် ၆း၃၀ နာရီမှစတင်ငပလီကမ်းခြေတစ်လျှောက်တွင်စုပေါင်း  ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၃၀၀)ခန့်ကငပလီကမ်းခြေတစ်လျှောက်တွင်အမှိုက်များကောက်ခြင်း၊ ခြုံနါယ်များခုတ်ထွင်ရှင်းလင်းခြင်း, အမှိုက်များမီးရှို့ရှင်းလင်းခြင်းများ ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ သံတွဲခရိုင်ခရီးစဉ် ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)