မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်များပေးအပ်


MNP ၊  ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးခန်းတွင် ယမန်နေ့နေ့လည် (၁)နာရီက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါလုပ်ငန်းစဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊  တာဝန်ရှိသူများက ကပ်ခိုကျေးရွာအုပ်စု၊ ဇီးပင်ချောင်းကျေးရွာ၌ (၄-၄-၂၀၂၃)ရက်နေ့တွင် မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သောနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ ဘေးသင့်ပြည်သူ(၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၆၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်တိတိ တန်ဖိုးရှိပစ္စည်းများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။


ရဲကိုမောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)