မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင် ကျင်းပ




MNP ၊  ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ညီညီနိုင်ရေးသားသော “ပညာနှင့်ဘ၀အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးအောင်လွင်ဌေး ကစာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရူသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး "တစ်ကိုယ်ရေ စေစားမှုစွမ်းရည်များ" ခေါင်းစဥ်ဖြင့် အချိန်ပိုင်းကျောင်းသားတွေကို အလုပ်နှင့်အိမ်မှာ တာ၀န်ကျေပွန်ခြင်းနှင့် ပညာသင်ကြားရေးမှာ အထောက်အကူပြုနိုင်တဲ့တစ်ကိုယ်ရည် ထိန်းချုပ်ရေးမှာ ကျွမ်းကျင်မှုတွေရအောင် လမ်းညွှန်ပြသထားကြောင်း၊ အချိန်ဆွဲခြင်းနှင့်ပတ်သက်၍ နေ့ရွှေ့ညရွှေ့နှင့် အချိန်ဆွဲတာဟာ ရှုံးနိမ့်မှုရဲ့အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ အချိန်ဆွဲခြင်းပြဿနာကို ပုံမှန်တိုက်ခိုက်နှိမ်နင်းခဲ့ရာက တစ်နေ့တာရဲ့ အလုပ်ချိန်တော်တော်များများကို လက်ကိုင်ပြုပြီး အခွင့်အရေးကောင်းတွေကို တိုးတက်ပိုင်ဆိုင်ခဲ့ရကြောင်း၊ စိုးရိမ်သောကဟာ အချိန်ကို တကယ်စားတဲ့ အဖျက်အင်းအားဖြစ်ကြောင်း၊ သင့်မှာတောင်းဆိုခွင့်တွေရှိတာနဲ့အမျှ ဒီလိုတောင်းဆိုမယ်ဆိုရင်ခိုင်မာပြီး ကောင်းမွန်တဲ့ပြင်ဆင်မှုတွေ သေသေချာချာလုပ်ထားဖို့လို​ပါ​တယ်ဟု အကျယ်တ၀င့် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက အချိန်ကို စီမံခန့်ခွဲခြင်းနည်းပညာ၊ နားထောင်ခြင်းနှင့်မှတ်စုရေးခြင်း၊ ပိုမိုထိရောက်သော စာဖတ်ခြင်း၊ ကျန်းမာခြင်း စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု့ဆွေးနွေးခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။


ဇင်မီမီထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)